35 C
Yangon

ကနီတွင် စစ်ကောင်စီစစ်ကြောင်းကို DRPA က ၄ နေရာခွဲ၍ မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ သရက်တောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က ၄ နေရာခွဲ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအများအပြားရှိကြောင်း DRPA က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို DRPA တပ်မဟာ ၁ လက်အောက်ခံတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း၊ ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များဖြစ်သော ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျောက်လုံကြီး PDF တို့မှ လက်နက်နှင့် ခဲယမ်းများ အကူအညီပေးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဖက်ဆစ်စစ်တပ် တိုက်ဖျက်ရေး အရှိန်တိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးသူမှန်သမျှကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု DRPA က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – DRPA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article