40.9 C
Yangon

ကနီတွင် စစ်ကောင်စီ ရေယာဉ်အုပ်စု ၃ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဝ ထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကင်းရွာနှင့် ရွာအနီးတွင် တပ်ချ ထားသော အကြမ်းဖက် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝထက်မနည်း သေဆုံးကြောင်း People’s Defense Force (Kani)တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ရေယာဉ် အုပ်စုအား မဟူရာနဂါး Kani PDF တပ်ရင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ M&K The Boys အဖွဲ့နှင့် မဟာမိတ်ညီနောင် တော်လှန်ရေးတပ်များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ရေယာဉ် အုပ်စု ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းကြောင့် ဖလက်ခွန် နှစ်စီး ပျက်စီးခဲ့ကာ စစ်သား ၃ဝထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း People’s Defense Force (Kani)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို အကြမ်းဖက် စစ်ကောင်စီ ရေယာဉ် အုပ်စုက တပ်မ ၁၀၁မှ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကနီမြို့နယ် ကင်းရွာမှ အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အသက် ၅၈နှစ်အရွယ် အမျိုးသားတစ်ယောက်၏ ရုပ်အလောင်းကိုသာ ပြန်လည် ရရှိခဲ့ပြီး ကျန်ရှိနေသော အရပ်သားပြည်သူ ကျား ၄ ဦးနှင့် မ ၁ဦးသည် ယနေ့ ချိန်ထိ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article