35 C
Yangon

ကရင်နီပြည်၊ နန်းမယ်ခုံမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနောက်ဘက်ရှိ နန်းမယ်ခုံမြို့ကို ယနေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“၅ နာရီ ၄၀ မိနစ် မှာ လာပြီးတော့ကင်းထောက်တယ်၊ ၂ စီးလာတယ်၊ ၄ ခေါက်လောက် နန်းမယ်ခုံမြို့ဖက်ကို ပတ်ကြည့်ပြီး နောက်ဆုံးအခေါက်မှာ ပစ်သွားတာ” ဟု ကရင်နီရဲဘော် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

နန်းမယ်ခုံမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း၊ ယနေ့ ညနေ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ယနေ့ညနေ‌ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများနှင့် ပြည်သူများ ထိခိုက်မှုရှိ၊ မရှိ ကနဦး မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article