38 C
Yangon

ကောလင်းတွင် လုပ်ငန်းရှင်များကို ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၁၀၀ ပေးမှ ညှိနှိုင်းပြန်လွှတ်ပေးမှုများရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် စစ်တပ်က  ငွေကြေးချမ်းသာသူများနှင့် လုပ်ငန်းရှင်များကို ဖမ်းဆီးထားပြီး ငွေကျပ် သိန်း ၁၀၀ တောင်းယူပြီး ညှိနှိုင်း ပြန်လွှတ်ပေးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး စစ်တပ်က ၎င်းတို့ မသင်္ကာဖြစ်သူများနှင့် ငွေကြေးချမ်းသာသူ လုပ်ငန်းရှင်များကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးပြီး ရဲစခန်းများ၊ ထွေအုပ်ရုံးများတွင် ခေါ်ယူထားပြီး  မေးမြန်းမှုများရှိကြောင်း၊ နေအိမ်မှ ထမင်းပို့မှု၊ အဝတ်အစားပေးပို့မှုများကို လုပ်နိုင်သော်လည်း နေအိမ်သို့ ပြန်မလွှတ်ကြောင်း၊ ပြန်လည် လွတ်လိုပါက စစ်တပ် အရာရှိများနှင့်ညှိနှိုင်းပြီး ငွေကြေး ပေးလျှင် ပြန်လွတ်ကြောင်း သိရှိသည်။ 

“ပုဒ်မ တပ်ပြီး ဖမ်းတာလားဆိုတော့လည်းမဟုတ်ဘူး။ ခေါ်ထားတယ်။ ထမင်း၊ ဟင်း မုန့် ပို့လို့ရတယ်။ အဝတ်အစား ဆေးဝါး ပို့လို့ရတယ်။ နှိပ်စက်တာမျိုးလည်းမရှိဘူး။ ခေါ်ထားတာပေါ့။ အဲဒါ လွတ်ချင်တဲ့သူတွေကတော့ စစ်တပ်နဲ့ ညှိရတယ်။  ကောလင်းမြို့မှာ ငွေရှိတဲ့သူဌေးတွေကိုအကုန်ဖမ်းထားတာ။ ငွေသိန်း‌ ၅၀ နဲ့တောင်ရွေးမရဘူး။ သိန်း၁၀၀ ရမှလို့ စစ်တပ်ပြောတယ်။ လွတ်တဲ့သူလည်း ငွေပေးပြီး တိုးတိုးတိတ်လွတ်တယ်။ ပေါ်ပေါ်တင်တင် မနေရဲကြဘူး။ ဘာမှန်းမသိဘဲနဲ့ကို ဖမ်းနေတာ” ဟု ကောလင်းမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။ 

လက်ရှိတွင် ကောလင်းအရှေ့ခြမ်းဘက်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည်မှ ၂ လကျော်လာပြီဖြစ်ကြောင်း၊ အင်အားဖြည့်တင်းမှုများလုပ် ဆောင်လျက်ရှိသော်လည်း မြို့ပေါ်တွင်သာ အထိုင်ချ၍ မြို့ကို အဓိက ကာကွယ်နေကြောင်း၊ ကောလင်းတောရွာများဘက်သို့ စစ်ကြောင်းထိုးမှုများ မကြာခဏ ရှိသော်လည်း မြို့ပေါ်တွင်သာ အဓိက တပ်စွဲထားကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article