30 C
Yangon

ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်း အောက်ချင်းတွင်းဒေသ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အကြမ်းဖက်စစ်ကောင်စီ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၇၉ မှ တပ်သား စိုင်းလင်းထွန်းသည် စစ်ကိုင်းတိုင်း၊ အောက်ချင်းတွင်းဒေသရှိ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံ  CDM ပြုလုပ်ကာ အလင်းဝင်ကြောင်း DGF က သတင်းထုတ်ပြန်သည်။

“သူက ဇာတိမြေကို ပြန်လာရင်းနဲ့ ကျနော်တို့ လာပူးပေါင်းတယ်၊ လက်နက်တော့ မပါဘူး။ သူက အာဏာရူးတွေရဲ့လုပ်ရပ်ကို လက်မခံနိုင်တော့လို့ ပြည်သူ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး အာဏာရှင်တွေကို တိုက်ထုတ်သွားမယ်လို့ ပြောတယ်” ဟု DGF အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကိုယ်ပိုင်အမှတ် တ ၅၅၀၃၃၅ တပ်သားစိုင်းလင်းထွန်းသည် မိုင်းခုတ်အခြေစိုက် ခမရ ၅၇၉ တပ်ရင်းမှဖြစ်ကြောင်း Democratic Guerrilla Force (Lower Chindwin) တပ်ဖွဲ့မှ နွေးထွေးစွာကြိုဆိုထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် တည်ရှိပြီး ခမရ ၅၇၉ တပ်ရင်းသည် မိုင်းခုတ်မြို့တွင် အခြေစိုက်သည်။

ဓါတ်ပုံ – CDM ပြုလုပ်လာသည့် တပ်သားစိုင်းလင်းထွန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article