36 C
Yangon

ငါန်းဇွန်မြို့နယ်မှ NLD မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးနိုင် ဖမ်းဆီးခံရ၊ တစ်မိသားစုလုံး စစ်တပ်က ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ မတောင့်တရပ်ကွက်တွင် ခေတ္တရောက်ရှိ တိမ်းရှောင်နေသည့် ငါန်းဇွန်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်နှင့် လက်ခံထားသူ  အိမ်ရှင် ဦးဌေးလွင်တို့ကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၁၉ရက် ည ၁၀နာရီ ဝန်းကျင်အချိန် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၊ မတောင့်တရပ်ကွက်ကို စစ်ကား ၂စီးဖြင့် ၀ိုင်းပြီး စစ်တပ်က အိမ်ရှင်ဖြစ်သူ ဦးဌေးလွင်နှင့် ဧည့်သည် ငါန်းဇွန်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်တို့ကို ပိတ်ဆို့ဖမ်းဆီးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့တွင်လည်း ဦးကျော်စိုးနိုင်၏ ဇနီး ဒေါ်စုစုဌေး၊ သားဖြစ်သူ ၁၈ နှစ် ခန့်အရွယ် တက္ကသိုလ်ကျောင်းသား ကိုကောင်းမြတ်နိုင်၊ သမီးဖြစ်သူ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မမေထူးနိုင်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ 

ဦးကျော်စိုးနိုင်သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ငါးဇွန်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် အကြိမ်ကြိမ် မဲအနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ 

ဓာတ်ပုံ- စစ်တပ်က ဖမ်းဆီးထားသည့် ဦးကျော်စိုးနိုင်တို့ မိသားစု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article