36 C
Yangon

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်ဘေးရှောင်ပြည်သူ ဦးညီညီလွင်ကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ် အလောင်းဖျောက်ဖျက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်ဘေးရှောင်ပြည်သူ ဦးညီညီလွင်ကို စစ်ကောင်စီက ဇန်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး အရှင် လတ် လတ် မီးရှို့ သတ်ဖြတ် အလောင်းဖျောက်ဖျက်ကြောင်း ဦးညီညီလွင်၏ မိတ်ဆွေများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်း ထောင်ကျးရွာတွင် နေထိုင်သူ ဦးညီညီလွင် အသက် ၄၇ နှစ် ကို ယမန်နေ့ဇန်နဝါရီ ၁၄ ရက်နေ့  နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ကြောင်း၊ အသက်မသေသေးစဉ်မှာပင် တာယာများဖြင့်စုပုံ၍ မီးရှို့ သတ်ဖြတ်ကာ အလောင်း ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။ 

“သူ့ကို သေနတ်နဲ့ပစ်တယ်။ မသေသေးဘူး။ အဲဒါကို တစ်ခါတည်း မီးရှို့ပစ် လိုက်တာ။ သူက လသားအရွယ်သားလေးနဲ့ ၁၅ နှစ်အရွယ်သားလေး ကျန်ခဲ့တယ်။ ဘာအပြစ်မှ မလုပ်ထားတဲ့သူကို မီးရှို့ သတ်ဖြတ်တာပါ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ်ကျေးရွာများသို့ ရဟတ်ယာဉ်များဖြင့် စစ်သားများ လာချခြင်း၊ စစ်ကြောင်းထိုးခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိပြီး ကျေးရွားများကိုလည်း မီးရှို့ဖျက်ဆီးမှုများ ၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article