30 C
Yangon

စစ်ကောင်စီကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ဖိတ်ခေါ်မှု အမေရိကန်လွှတ်တော်အမတ်များ ဝေဖန်၊ အာဆီယံဘုံသဘောတူညီချက် ကမ္ဘော ဒီးယားလိုက်နာရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံခြားရေးကိုယ်စားလှယ်ကို အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ အမေရိကန် လွှတ်တော်အမတ်များက ဝေဖန်လိုက်ပြီးအာဆီယံ ဘုံသဘောတူညီချက်ကို ကမ္ဘောဒီးယားအနေဖြင့် လိုက်နာရန် တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။ 

အမေရိကန်လွှတ်တော်ကိုယ်စားလှယ် Gregory W. Meeks (DN.Y.)၊ Michael McCaul (R-Texas)၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော် မတီ၏ ဥက္ကဋ္ဌနှင့် အဆင့်သတ်မှတ်ရေး အဖွဲ့ဝင်Ami Bera (DC.A.) နှင့် Steve Chabot တို့က  မြန်မာစစ်ကောင်စီကို တရားဝင်အစည်းအဝေးများတွင် ပါဝင်ရန် အာဆီယံဥက္ကဋ္ဌက ဖိတ်ကြားလာမှုအပေါ် တုံ အကြီးတန်းအဖွဲ့ဝင်များကို ဖိတ်ကြားနိုင်ကြောင်း အစီရင်ခံစာများအပေါ် တုံ့ပြန်သည့် ပူးတွဲကြေညာချက်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာစစ်အစိုးရကို ကမ္ဘောဒီးယားက ထည့်သွင်းစဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ စိတ်ပူပန်မိပါတယ်။ အာဆီယံအနေနဲ့ ရွေးကောက်ခံအစိုးရကို တရားမ၀င် ဖြုတ်ချပြီး ပြည်သူကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အာ ဏာရှင်ကို နေရာမပေးသင့်ပါဘူး။ မြန်မာနိုင်ငံက နိုင်ငံရေး ကိုယ်စားလှယ်ကို မဖိတ်ခေါ်ဖို့ အရင် အာဆီယံ ဥက္ကဌ က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ထောက်ခံပါတယ်”ဟု  ကြေညာချက်တွင် ပြောဆိုထားသည်။

မြန်မာစစ်တပ်သည် အာဆီယံ၏ အချက်ငါးချက် သဘောတူညီချက်ကို လိုက်နာရန် ငြင်းဆိုထားသဖြင့် ကမ္ဘောဒီးယားအနေဖြင့် ယခင်အာဆီယံဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု မျှော်လင့်ကြောင်း အမေရိကန်လွှတ်တော်အမတ်များ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 

ဓာတ်ပုံ- ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာနိုင်ငံလာရောက်ပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သော ဟွန်ဆင်..။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article