36 C
Yangon

စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူ၊ ဗြိတိန်နှင့်ကနေဒါပါ ပူးပေါင်းပါဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကောင်စီခန့် တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အကျင့်ပျက်ခြစားမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးတေဇနှင့်သားသမီး ၂ ဦး၊ ဂျော်နသန်မျိုးကျော်သောင်း၊ စီးပွားရေးကုမ္ပဏီ ၁ ခု၊ စစ်တပ်ဌာန ၁ ခုတို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူလိုက်ပြီး ဗြိတိန်နှင့်ကနေဒါ ပူးပေါင်းပါဝင်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာသည်။

မြန်မာ့ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က လူပုဂ္ဂိုလ်ခုနစ်ဦးနှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းနှစ်ခုကိုအရေးယူ လိုက်ကြောင်း သိရှိရသည်။

“အာဏာသိမ်းပြီး တစ်နှစ်အကြာမှာတော့ United Kingdom နဲ့ Canada မှာရှိတဲ့ မဟာမိတ်တွေနဲ့အတူ အမေရိကန်ဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှာဖွေရာမှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်” ဟု အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး ဘဏ္ဍာရေးဌာန လက်ထောက်အတွင်းရေးမှူး Brian E. Nelson က ပြောကြားသည်။

. “အာဏာသိမ်းမှုနှင့် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ပစ်မှတ်ထားပြီး၊ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကို လုပ်ဆောင်သူများနှင့် ၎င်းတို့၏ ငွေကြေးထောက်ပံ့သူများကို ဆက်လက် ပစ်မှတ်ထားမည်ဖြစ်သည်။”ဟု အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရက အရေးယူလိုက်သူများမှာ ပြည်ထောင်စု ရှေ့နေချုပ် သီတာဦး၊ တရားသူကြီးချုပ် ထွန်းထွန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) ၏ ဥက္ကဋ္ဌ တင်ဦး၊ တေဇ၊ ဂျော်နသန်မျိုးကျော်သောင်း၊ ထူးထက်တေဇ နှင့် ပြေဖြိုးတေဇတို့ကို အရေးယူကြောင်း သိရှိရသည်။

စစ်တပ် ဦးပိုင်နှင့် စီးပွားရေး လုပ်ဆောင်နေသော Jonathan Myo Kyaw Thaung ၏ KT Services & Logistics Company Limited (KTSL) ၊ စစ်တပ် ကာကွယ်ရေး ပစ္စည်းဝယ်ယူရေးညွှန်ကြားမှုဦးစီးဌာနတို့ကိုလည်း အရေးယူကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article