28 C
Yangon

စစ်ကောင်စီတပ်၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်များ ပစ်ခတ်ရုံမျှမက လက်နက်ကြီးများဖြင့်ပါပစ်ခတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ဒေသရှိ ထီးလော်သေထကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပစ်ခတ်သဖြင့် လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“၂၉ ရက်နေ့ ညနေ ၆ နာရီလောက်က ပစ်တာ။ ကလေးလေး ခေါင်းပွင့်ပြီး ဆုံးတယ်။ အသက် ၁၉ နှစ်ဝန်းကျင် မိန်းကလေးက လည်ပင်းကို ကျည်ထိပြီး ဆုံးတယ်။ အိမ်မွေးတိရိစ္ဆာန်တွေလည်း သေတယ်။ အိမ်တွေလည်းပျက်စီးတယ်။ လူကြီးတွေလည်းဒဏ်ရာရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် KNU တပ် မဟာ ၅ နယ်မြေ သေကော်ထာနယ်မြေကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသွားပြီး အဆောက်အအုံများ ပျက်စီးကြောင်း၊ လက်နက်ကြီးဖြင့် စစ်တပ် ရမ်းသမ်းပစ်ခတ်၍ ထိုင်းဘက်သို့ ကျည်ကျရောက်မှုများရှိကြောင်း ကရင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article