27 C
Yangon

စစ်ကျွန်ပညာရေးကို လက်သင့်မခံ၍ ကျောင်းတက်ရောက်ခြင်းမရှိသော CDM ကျောင်းသားများထံ sign petition လက်မှတ်များ ကောက်ခံမည် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

အကြမ်းဖက် စစ်ကောင်စီ တိုင်းပြည် အာဏာ မတရားရယူပြီး စစ်ကျွန် ပညာရေး ကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်း တက်ရောက်ခြင်းမရှိဘဲ CDM ပြုလုပ်ထားသော ကျောင်းသူကျောင်းသားများထံမှ sign petition လက်မှတ်များ ကောက်ခံသွားမည်ဖြစ်ကြောင်း အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ်ထံမှ သိရသည်။  

ထိုသို့ sign petition လက်မှတ်များ ကောက်ခံခြင်းကို ဇန်နဝါရီလ ၂၄ရက်နေ့မှ ဖေဖော်ဝါရီလ ၇ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ အစီအစဉ်အား ထောက်ခံသော ပြည်သူလူထု အနေဖြင့် လက်မှတ်ဝင်ထိုးပေးရန်နှင့် ပြည်သူလူထုအနေဖြင့် မည်မျှထောက်ခံကြောင်းကို စစ်တမ်းကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ CIM ကျောင်းသားများထံ စာရင်းကောက်ခံခြင်းကို ပထမအနေဖြင့် ကျောင်းသားမိဘများထံမှ ထောက်ခံကြောင်း လက်မှတ်များ စတင် ကောက်ခံသွားပြီးနောက် ဒုတိယအနေဖြင့် ကျောင်းတက်ရောက်ခြင်းမရှိသော ကျောင်းသားများ၏ registration Form များကို ဆက်လက်ကောက်ခံကာ ID Codeနှင့် ID Card များ ချပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ်ထံမှ သိရသည်။  

ယင်းသို့ ပြုလုပ်ခြင်းသည် Non-CDM ကျောင်းသားများက စစ်ကောင်စီ၏ စာမေးပွဲများကို ဝင်ရောက် ဖြေဆိုခြင်းများ ပြုလုပ်ပြီး Non-CDM ကျောင်းသားများသည် ဒီမိုကရေစီ ပြန်ရလျှင် မျက်နှာပြောင်တိုက်ကာ ကျောင်းပြန်တက်လျှင် CDM ကျောင်းသားများ နစ်နာမည်ဖြစ်သည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။    

စာရင်းကောက်ခံခြင်းများ ပြုလုပ်ရာတွင် ကျောင်းသားများ၏ လုံခြုံရေးအတွက်ကြောင့် cardများကို နာမည်နဲ့ မဟုတ်ဘဲ ID no. ဖြင့်သာ digitally ထုတ်ပေးမည်ဖြစ်ပြီး ဒီမိုကရေစီ ပြန်ရသည့်အခါတွင် အဆိုပါ ID no.ကို ပြသ၍ physical cardကို နာမည်နဲ့တကွ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article