32 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် ဒေါ်လာ ဘီလီယံချီ နှစ်စဉ် အခွန်ပေးဆောင်နေသည့် ပြင်သစ် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

စစ်အာဏာသိမ်းပြီး ပြည်သူများ သတ်ဖြတ်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီကြောင့် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီက မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ယင်းသို့ ထွက်ခွာမည်ဆိုသော ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Burma Campaign UK က ကြိုဆိုကြောင်း ယနေ့တွင် တရားဝင်သတင်းထုတ်ပြန်သည်။ 

 မြန်မာနိုင်ငံမှ နုတ်ထွက်ရန်  Total Energies ၏ ဆုံးဖြတ်ချက်ကို Burma Campaign UK က  ကြိုဆိုကြောင်း ၊Total Energies ကုမ္ပဏီက Human Rights Watch ထံ စာတစ်စောင်ပေးပို့ပြီး သဘာဝဓာတ်ငွေ့ ၀င်ငွေ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထောက်ခံအားပေးသည့်အနေဖြင့် ယနေ့တွင် အဆိုပါ ဆုံးဖြတ် ချက်ကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊  TOTAL က ဆောင်ရွက်နေသည့် ရတနာသဘာဝ ဓာတ်ငွေ့လုပ်ကွက်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်တာအတွင်း စစ်တပ်အတွက် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲခန့် ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။ 

 “Total Energies က စစ်အာဏာရှင်(သန်းရွှေလက်ထက်) လက်ထက်မှာ မြန်မာနိုင်ငံထဲကို ဝင်လာပြီး လူ့အခွင့်အရေး စိုးရိမ်မှုတွေကို လျစ်လျူရှုခဲ့တယ်။ မြန်မာစစ်တပ်ကို လက်နက်တွေအတွက် ငွေပေးခဲ့တယ်။  ဒီနေ့ တော့ မြန်မာ နိုင်ငံကနေ နုတ်ထွက်ဖို့ ကြေညာတာက သိသာထင်ရှားတဲ့လုပ်ရပ်ဖြစ်ပါတယ်” ဟု Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောကြားသည်။

Total Energies သည် ၎င်းတို့၏ လုပ်ငန်းများကို အခြားကုမ္ပဏီသို့ မရောင်းဘဲ မြန်မာနိုင်ငံမှ ထွက်ခွာမည့်အခြေအနေရှိကြောင်း သိရှိရသည်။ 

“ရတနာဓာတ်ငွေ့စီမံကိန်းဟာ လုပ်ငန်းလည်ပတ်မှုသက်တမ်းကုန်ဆုံးလုနီးနေပြီဖြစ်ပါတယ်။ Total Energies က ရှေ့မှာ ရရှိမယ့် ငွေကြေးထက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့မှုအတွက် အနုတ်လက္ခဏာ ဂုဏ်သိက္ခာ ကျဆင်းမှုအတွက် ဒီလိုဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်” ဟု Mark Farmaner က ပြောကြားခဲ့သည်။

“Total Energies က မှန်ကန်တဲ့အရာကို လုပ်ဆောင်ခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ငွေကြေးထောက်ပံ့ကူညီပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့အတိတ်တွေက ကောင်းတာတော့ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။ 

TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီသည် ၁၉၉၂ ခုနှစ်မှစတင်ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး နှစ် ၃၀ အကြာတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။ 

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ပြင်သစ် TOTAL ကုမ္ပဏီရုံးချုပ် မြန်မာနိုင်ငံမှ ထွက်ခွာရေး ဆန္ဒပြနေကြသည့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ။

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article