29 C
Yangon

စစ်​ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွား​သော ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ​လှေခုတ်​ကျေးရွာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း၊ ​လှေခုတ်​ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ များ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြား သည်။”ရွာအနောက်ဘက်ကို မီးစရှို့နေတယ်။

အိမ်အနောက်ဘက်နေ ထွက်ကြည့်နေတာ ပြေးဖို့ အရန်သင့်ပြင်ထားတယ်။ သေနတ်တွေနဲ့ ပစ်လို့ ပြေးဖို့ လုပ်နေတာ၊ ခု ခဏပြန်ရပ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ဝန်းကျင်ခန့် ရှိပြီး ကျေးရွာအတွင်း ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းမှ စတင်၍ ရေလယ်ကျွန်းရွာအတွင်း ဝင်ရောက် သောင်းကျန်းနေခြင်းဖြစ်သည်။

အဆိုပါကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်များက စစ်အင်အား ထပ်မံဖြည့်တင်းရန် စစ်ကူခေါ်ယူမှုများရှိကြောင်း သိရှိရသည်။ “ညက အိပ်ကောင်းခြင်း မအိပ်ရဘူး။ အနောက်ဘက်ရွာက စစ်ရှောင်လာတာရော စုအိပ်ရတာ။ ပြေးဖို့ ပြင်ထားကြရတယ်။ ထိုင်ရမလို ထရမလိုနဲ့ ဟိုဘက်က ပြေးလာ ဒီဘက်က ပြေးလာ အုပ်စုလေးတွေနဲ့” ဟု ဒေသခံများက လတ်တလော အခြေအနေကို ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article