28 C
Yangon

တန့်ဆည်မြို့ပေါ် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ရွှေဒေါင်းမင်း ဓါတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသော ရွှေဒေါင်းမင်း ဆီဆိုင်လည်း မီးလောင်ကျွမ်းနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဒီနေ့ မွန်းလွဲပိုင်းက ပစ်ခတ်သံတွေထွက်ပေါ် ပြီး စစ်ကောင်စီ သတင်းပေး ဒလန် ဆီဆိုင်လည်း မီးလောင်နေတယ်။ စစ်သားတွေ ရဲတွေလည်း ကင်းပုန်းချနေတယ်။ ပစ်သံတွေလည်းကြားနေရတယ်။ အပြန်အလှန် ပစ်တာလားတော့ သေချာမသိဘူး။ အပြင်မထွက်ရဲတော့ အကြောင်းစုံတော့ မသိရသေးဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

မည်သည့်အတွက်ကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း ကနဦး မသိရှိရသေးဘဲ မီးသတ်ကား ၂ စီးဖြင့် ငြှိမ်းသတ်နေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားပြီးနောက် တန့်ဆည်ရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့ပေါ် လမ်းကြိုလမ်းကြားမကျန် ကင်းပုန်းများဝပ်နေကြောင်း၊ ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြရန် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

Video credit – Taze News

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article