30 C
Yangon

တန့်ဆည်မြို့ ပုတီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပုတီးကျေးရွာကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်တွင် ဝင်ရောက်လာပြီး ၃ နာရီ ၂၀ မိနစ်မှ စတင်ကာ ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။ 

“အင်အား ၂၀၀ လောက်ရှိတယ်။ ၃ နာရီ ၂၀ လောက်မှာ စပြီး မီးရှို့နေတာ ။ ဘယ်နှလုံးလောင်သွားပြီလဲတော့ အတိအကျ မသိရသေးဘူးဗျ။ ရွာနားကို ဘယ်သူမှ မကပ်ရဲလို့။ အခု ပြောနေတုန်း မီးထပ်ရှို့နေပြန်ပြီဗျာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ 

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီက မီးများ ထပ်မံရှို့နေဆဲ ဖြစ်ပြီး ပြည်သူများမှာ ဘေးလွတ်ရာသို့ ပုန်းရှောင်နေရဆဲ ဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိနေသည့် အတွက် ရွာထဲသို့ ပြန်လည်  မဝင်ရောက်ရဲကြသေးပေ။

ပုတီးကျေးရွာသို့ မီးရှို့နေသည့် အကြမ်းဖစ်စစ်ကောင်စီဝင်များသည် ယမန်နေ့က ခဝါသည်ရွာတွင် ညအိပ်ပြီး ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပုတီးရွာသို့ တန်း ချီတက်ကာ ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article