28 C
Yangon

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့နယ်၊ တောမကျေးရွာ၊ မရသိမ်ရွာနှင့် မင်းဝံတောင်ခြေကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ၊ ပြည်သူများ ထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ တောမရွာ၊ မရသိမ်ရွာ၊ မင်းဝံတောင် ခြေဘက်ကို ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အကြမ်း ဖက်စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲချကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ယနေ့ဇန်နဝါရီလ ၁၃  နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်ယ်ရှိ တောမရွာ၊ မရသိမ်ရွာ၊မင်းဝံတောင်ခြေဘက်သို့  တိုက် လေယာဉ် ၃ စီးဖြင့် တစ်ကြိမ်လျှင် ဗုံးသီး ၁၀ လုံးခန့် ၈ ကြိမ်တိတိ ဗုံးကျဲချ သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲမဖြစ်ဘူး။ စစ်ကြောင်းထိုးရင်း ဗုံးလာကျဲတာ။ အခုသိထားသလောက်တော့ ပြည်သူတွေဘက်ကရော PDF တွေရော ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ သူတို့က စစ်ကြောင်းနဲ့ တောနင်းရှာပြီး  ဗုံးလာကျဲတာ” ဟု ထီးချိုင့်သတင်း ရင်းမြစ်က ပြောသည်။ 

စစ်ကိုင်းတိုင်း၊ထီးချိုင့်၊ ကသာ၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များတွင် စစ်ကောင် စီက မြေပြင်တွင် အင်အားရာချီတိုးချဲ့တိုက်ခိုက်ခြင်း၊‌ လေကြောင်းဖြင့် ပစ်ခတ်ခြင်းများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လျက်သော်လည်း အောင်မြင်မှုမရှိဘဲ တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်များသာ သေဆုံးမှုမျာ းပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article