34 C
Yangon

တီးတိန်၊ ပုလဲ၊ ကနီနှင့် KNU တပ်မဟာ ၅ တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်၊ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

ချင်းပြည်နယ်၊ တီးတိန်၊ စစ်ကိုင်းတိုင်း၊ ပုလဲနှင့်ကနီမြို့နယ်၊ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၁၃ရက်နေ့ နံနက် ၁၀နာရီ ခန့်အချိန် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် ထေးဇန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ (၇)ဦး သေဆုံးခဲ့ကြောင်း PDF Zoland က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထေးဇန်ကျေးရွာရှိ ကော်ဖီဆိုင်ခြံမှ အိမ်သုံးလုံးကို နေ့လယ် ၂နာရီခန့်တွင်မီးရှို့ခဲ့ကြောင်း၊ လက်ရှိချိန်တွင် တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးများဖြစ်သော PDF Zoland၊CDM Siyin၊Zogam Army၊People’s Defense Army(PDA) တို့ ပူးပေါင်းတိုက်ပွဲများဆင်နွှဲလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ကလေးမြို့နှင့်ချင်းပြည်နယ်ကြား ခရီးသွားလာချင်းမပြုရန်လည်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့  ညနေ ၃  နာရီ အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို မြေပြင်ထိုးစစ်သာမက ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်သား၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ၊ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)၊ပုံတောင်တိုက်ဂါးအဖွဲ့၊ပုလဲ(ပ.က.ဖ)၊အောင်ဆန်းတပ်ဖွဲ့၊ပုံဏ္ဏကတပ်ဖွဲ့၊Pale Joker အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ပြီး ဖြစ်ပွါးချိန်၅ နာရီကြာမြင့်ကြောင်း သိရှိရသည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း ထိုစခန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ၊ပုံဏ္ဏကတပ်ဖွဲ့၊ပုလဲ(ပ.က.ဖ) နှင့် Local PDF အဖွဲ့များမှ လက်လုပ်(၆၀မမ)နှင့် ပစ်ခတ်ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊  ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ၊ပုလဲရဲစခန်းအား တာဝေးပစ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း 

People Revolution Army (PRA)က သတင်းထုတ်ပြန်သည်။ 

အလားတူ  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ အကြမ်းဖက်အာဏာ သိမ်းစစ်ကောင်စီ ၏လက်ပါးစေများဖြစ်သော ဖက်ဆစ်စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့်အလယ်ကျွန်း ရွာကို ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန် စစ်ကိုင်းတိုင်းအခြေစိုက်DRPA တပ်မဟာ(၁) လက်အောက်ခံ တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့ကြောင်း  DRPA‌ တပ်ဖွဲ့ဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း၊ ဖက်ဆစ် စစ်တပ်နှင့်ပျူစောထီးတို့ဘက်မှ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။ 

ထို့အပြင် ယမန်နေ့ညတိုက်ပွဲအတွင်း၌ ဖက်ဆစ်စစ်တပ်မှဘက် အနည်းဆုံးလေးဦးခန့်သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

အလားတူ ကရင်ပြည်နယ် မထောကျေးနယ်မှ တာဟုဒဲရွာသို့ အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို အသေးစိတ်မသိရှိရသေးသော်လည်း ပြည်သူများအနေနှင့် စိုးရိမ်ပူပန်မှု များပြားနေကြောင်း ကေအဲန်ယူန်-မူကြော် သတင်းစဉ်တွင် ထုတ်ပြန်ထားသည် ။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လှုပ်ရှားတပ်ဖွဲ့ဝင်များကမူ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၂ နာရီတွင် တောင်သုံးလုံစခန်းနှင့် ၂၁မိုင် အကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခိုက်ရာ စစ်ကား တစ်ဦး ပျက်စီးသွားပြီး စစ်ကောင်စီ၏ သတင်းပေး တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ၏ စစ်ရေးပြအခမ်းအနား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article