30 C
Yangon

ဒီပဲယင်းနှင့်ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်အင်အားအများအပြားချသွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့်ခင်ဦးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီးစစ်အင်အားအများအပြား ချသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ အချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုက်ခိုက်ရဟတ်ယာဉ် ၂ စင်း၊ ရိုးရိုးရဟတ်ယာဉ် ၁ စင်းတက်သွားပြီး ဒီပဲယင်းအရှေ့ခြမ်း ယာဉ် ကျေးရွာကို ပစ်ခတ်ကြောင်း၊ အလားတူ ခင်ဦးမြို့နယ် သဲကုန်းကြီးကျေးရွာကိုလည်း စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး စစ်အင်အားအများအပြား ချထားကြောင်း ဒေသခံများက ပြောသည်။ 

“တိုက်ပွဲမရှိဘဲ ဘလိုင်းကြီးလာပစ်တာ။ ပစ်တာကတော့ တအုန်းအုန်းနဲ့ကို ပစ်နေတာ။ အချက် ၂၀၀ လောက်ရှိမယ်။ ဒီပဲယင်းဘက်မှာလည်း ပစ်နေတယ်။ ၂ စင်းက ပစ်တယ်။ ၁ စင်းက စစ်သားတွေချပေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ခင်ဦးမြို့နယ် သဲကုန်းကြီးကျေးရွာတွင် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ပြီး လယ်ကွင်းထဲတွင် ရဟတ်ယာဉ်များဆင်းသက်၍ စစ်သားများ ချထားပေးကြောင်း သိရှိရသည်။ 

“သဲကုန်းကြီးမှာစစ်သား ၁၀၀ လောက်ရဟတ်ယာဉ်တွေနဲ့ လာချပေးတယ်” ဟု‌ ဒေသခံတစ်ဦးက ဆိုသည်။ 

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းနှင့် ခင်ဦးမြို့နယ်အတွင်းမှ ကျေးရွာအများစုတွင် ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article