28 C
Yangon

ဒီပဲယင်း ယဉ်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ရွာကို စီးနင်းကာ မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ယဉ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်က စတင်ကာ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်တပ်က လူချကာ ကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။        

“အခုမြင်ရတာတော့ မီးခိုးလုံးများ ထွက်ပေါ်လာတယ်။ ဘာမှတိုက်ပွဲမဖြစ်ပါပဲ ဖိုက်တာ ၂စီးက ပစ်ပြီး တစ်စီးက လူချသွားတာ အခု ယဉ်ကျေးရွာ တောကျောင်းကို မီးရှို့နေပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ 

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာတွင်းသို့ ရောက်ရှိနေကာ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ 

“ဒေသခံပြည်သူတွေ အကုန်လုံးထွက်ပြေးနေရတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးတာတော့ မသိရသေးဘူး။ ဘယ်သူတွေဖမ်းခံရတယ် ဆိုတာ ဘာမှ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article