31.9 C
Yangon

နိုင်ငံတစ်ဝန်း လောင်းကစား၀ိုင်း၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ ချဲ၊ ထီတွေကို စစ်ကောင်စီက စီမံချက်နဲ့ ဖွင့်ခွင့်ပေးနေပြီး ဖမ်းဆီးခြင်းမရှိတဲ့အပြင် လုံခြုံရေးပါ ယူပေး(ရုပ်/သံ)

Must read


ရန်ကုန်၊ ဇန်နဝါရီ ၁၇
နိုင်ငံတစ်ဝန်း လောင်းကစား၀ိုင်း၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ ချဲထီတွေကို စစ်ကောင်စီက စီမံချက်နဲ့ ဖွင့်ခွင့်ပြုနေပြီး ဖမ်းဆီးခြင်းမရှိတဲ့အပြင် လုံခြုံရေးပါ ယူပေးနေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောကြားလာပါတယ်။
ရှမ်းပြည်နယ်ညောင်ရွှေ မြို့နယ် ၊ နန်းပန် ရဲစခန်း အပိုင်နယ်မြေထဲမှာ လောင်း ကစား၀ိုင်းတွေ ခွင့်ပြုနေပြီး လေးကောင်ဂျင် ၊ အန်စာသုံး သုံးတုံးကို ကြိုးဆွဲတဲံ လောင်းကစားမှုတွေ အပြင် ချဲ၊ ထီနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကိုပါ နန်းပန် ရဲစခန်း ဆက်ကြေးကောက် ဖွင့်ခွင့်ပေးတဲ့အပြင် လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အဲဒီကစား၀ိုင်းမှာ ရဲတွေနဲ့ စစ်သားတွေကိုယ်တိုင် လာပြီး လောင်းကစားလုပ်နေကြတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အလားတူ မွန်ပြည်နယ်၊၊ မော်လမြိုင်မြို့နယ်၊ သရက်ကုန်းကျေးရွာမှာ လောင်း ကစားဝိုင်းကြီးက အတော်စည်းကားးနေပြီး ကားမျိုးစုံ ဆိုင်ကယ်မျိုးစုံ နဲ့လာရောက်ကစားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီလောင်း ကစား ၀ိုင်းတွေကို စစ်ကောင်စီဘက်က ငွေကြေးကောက်ခံပြီး ခွင့်ပြုပေးနေတာလို့ လည်း သိရပါတယ်။
“လောင်းကစားကြောင့် လင်မယားတွေကွဲကြ ကွာကြ။ မိဘဆွေမျိုးသားသမီးတွေ မျက်ရည်ပေါက်ကြီးငယ် ကျရပါတယ်။ ပူပင်သောကဝေနေကြရပါတယ်။ ပွဲတော်ကြီးကြနေတာပဲ တော်တော်ကို စည်ကားပါတယ်။ စစ်တပ်နဲ့ ရဲက ငွေကြေးကောက်ပြီး ခွင့်ပြုပေးထားတာ။ ဆက်ကြေးယူပြီး ခွင့်ပြုထားတာပါ။ လူတွေ အတော်လေးဘဝပျက်ကြရပါတယ်” လို့ သရက်ကုန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ မြန်မာနိုင်ငံရဲ့ ရှေ့ဟောင်းသမိုင်းဝင် မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံးဂူဘုရားအနီးမှာ စစ်ကောင်စီက အားဝါးဒေး လောင်းကစား ပွဲအား နေ့ ရောညပါ မဏ္ဍပ်ထိုးပြီး ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
“အဲဒီလောင်းကစား၀ိုင်းတွေကို မွန်ငြိမ်းချမ်းရေးအဖွဲ့(စစ်ကောင်စီလက် အော က် ခံပြည်သူ့စစ်) တာဝန်ယူတာ။ လိုင်းကြေးကတော့ မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး ခရိုင်ရဲမှုး၊ ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှုး ကျိုက်မရောမြို့နယ် ရဲမှူးတွေကို လိုင်းကြေးပေး‌ပြီး ခွင့်ပြုတာ။ ဘုရားဂေါပကလူကြီးတွေကို သေနတ်ပြပြီးခြိမ်းခြောက်ပြီး ဖွင့်ခိုင်းထားတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဗီဒီယိုမှာ မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံးဂူဘုရားအနီးမှာ စစ်ကောင်စီက ခွင့်ပြုပေးထားတဲ့ ကြက်တိုက် လောင်းကစားပွဲလုပ်နေတာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article