33 C
Yangon

ပုလဲ မွေ့တုံရွာကို စစ်တပ်က ညအချိန် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ည ၈နာရီခန့်က စတင်ကာ ကျေးရွာတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ဒီနေ့ နေ့လည်လောက်ကတည်းက ရွာထဲကို ဝင်စီးပြီး တပ်စွဲထားတာ အင်အား ၁၀၀လောက်ရှိတယ်။ အခု ည၈နာရီလောက်က စပြီး ပြည်သူပိုင် နေအိမ်တွေကို စတင်မီးရှို့နေတာ ပြည်သူအများအပြားကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article