36 C
Yangon

ပဲခူး၊ ရွှေဘို၊ကျိုက်ထို၊ မုံရွာတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီး ၁၃ ဦး အသတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့်မုံရွာမြို့နယ်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီး ၁၃ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စိုင်းတမော့လေးကျေးရွာ ရာအိမ်မှူး ပျူ‌စောထီးခေါင်းဆောင် အေးမင်းစိုးသည် ဇန်နဝါရီ ၁၄ ရက်နေ့ ည ၁၀ နာရီ၀န်းကျင်အချိန်တွင် အသတ်ခံရကြောင်း၊  အသတ်ခံရသူသည် PDF များ ရှိမည်အထင်ဖြင့် တောထဲထိအောင် လိုက်စုံစမ်းခြင်း၊ အသတ်ခံရသည့်နေ့ ညနေခင်းပိုင်းတွင်လည်း ရဲများခေါ်ယူကာ ရွှေတူး၊ ရွှေကျင်သမားများအား ဖမ်းဆီးခြင်း၊ ပစ္စည်းများအား သိမ်းယူခြင်းနှင့် အဆိုပါ ပစ္စည်းများအား သိမ်းယူရန် ကားစောင့်ဆိုင်းရန် အရက်သေစာ သောက်စားနေချိန် ယမန်နေ့ ည ၁၀နာရီ ၀န်းကျင်အချိန်တွင် အမည်မသိ အဖွဲ့တစ်ခုက သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဝါးရုံကန်ရွာနှင့်သန်းတောရွာတွင် စစ်ကောင်စီသတင်းပေး ဒလန်များ၏သတင်းပေးပို့မှုကြောင့် ပလိုင်းရွာရှိ စစ်ကောင်စီတပ်များသည် သန်းတော နှင့် ထူးကြီး-တည်ပင်ကို စစ်ကြောင်းထိုးရာ ထူးကြီးရွာရှိ ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း၊ သတင်းရသည်နှင့်တပြိုင်နက် C&T SHWEBO ၊ Snake Eyes၊ Shwebo Ghosts နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့အစည်းများက စောင့်ဆိုင်းနေလေရာ ဝါးရုံကန်ရွာ၌ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တချို့ဒဏ်ရာဖြင့်ဆုတ်ခွာသွားခဲ့ကြောင်း ၊ အပြန်လမ်းတွင် သန်းတောကျေးရွာရှိ ဒလန်ဟု သတ်မှတ်ခံထားရသော အောင်မောင်း ၊ မြင့်ကြွယ်၊ ငထွန်း ၊ ပိုင်သူနန်း တို့ ၄ ဦး၊ ဝါးရုံကန်ရှိ မိလဲ့(ခ) ကတုံးမ အပါအဝင် မိသားစုအပေါင်းအပါ‌ ၆  ဦးစုစုပေါင်း ၁၀ ဦး ကို သတ်ဖြတ်လိုက်ကြောင်း C&T SHWEBO အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ နေ့လည် ၁ နာရီခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အဝင် ပန်းရိုးမ KTV ဆိုင်အတွင်း သိမ်ဇရပ်မှ စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ကိုမျိုး လာရောက် သောက်စားနေချိန် ပြည်သူ့ကာကွယ်ရေးကော်မတီ သိမ်ဇရပ် LPDF က  သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ နံနက် ဘုဘရွာမှ ဒလန်ဟု သတ်မှတ်ခံရသူ ဘိုမင်း ကို ကျောင်းစုရွာ အနီး သဖန်းပင်အောက်တွင် အမည်မသိသူတချို့က သတ်ဖြတ်သွားကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- အသတ်ခံရသော ရေတာရှည်မြို့နယ်၊ စိုင်းတမော့လေးကျေးရွာ ရာအိမ်မှူး ပျူ‌စောထီးခေါင်းဆောင် အေးမင်းစိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article