37 C
Yangon

ဖလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး လွိုင်ကော်အကျဉ်းထောင်အနီးရှိ စစ်တပ်ကင်းပုန်း အတိုက်ခံရမှု ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် CNDF တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်း ထောင်အနီးရှိ စစ်တပ်ကင်းပုန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ် ပြန်သည်။ 

ဇန်နဝါရီလ ၁၄ ရက်နေ့ ၊ နံနက် ၃ နာရီ အချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့် အကြမ်းဖက် စစ်ကောင် စီတပ်များသည်  မွန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား CNDF က ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် (၅)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကာ ဗားရ်စခန်းတွင် ညအိပ်စခန်းချခဲ့ကြကြောင်း သိရှိရသည်။ 

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါ ဗားရ်စခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်များကို ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် CNDF က နံနက် ၁၀ နာရီအချိန်ခန့်မှ ညနေ ၅ နာရီခွဲအချိန်အထိ တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ကြောင်း၊  အဆိုပါ တိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဖက်မှ ချင်းပြည်နယ်သို့ တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားများကို CNDF အပါအဝင် CNA, CDF-KKG, Zoland-PDF, CDM ပူးပေါင်းတပ်များနှင့်အတူ တီးတိန်မြို့နယ်၊ ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းပါ အသုံးပြုပြီး ပစ်ခတ်ခဲ့ကြောင်း၊ CNDF ဘက်မှ ထိခိုက်မှုမရှိကြောင်း၊

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများ အနေဖြင့် ဖလမ်း – ကလေး လမ်းမကြီးနှင့် ဖလမ်း – ဝေဘူလ လမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြပါရန် ချင်းအမျိူးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။ 

အလားတူ ကရင်နီပြည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်အနောက်ပိုင်း အကျဥ်းဦးစီးဌာနအနီး ခရိုင်ရဲရုံးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း KDF က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်အချိန်  ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)နဲ့ GZ-21 (Liokaw)တို့ ပူးပေါင်းပြီး ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊မိနစ် (၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူအပြင် ဒဏ်ရာရသူများလည်းရှိကြောင်း တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ ဒဏ်ရာရရှိသူမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ကရင်နီပြည်နယ်ရှိ KDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article