36 C
Yangon

ဖလူးလေးကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ထိုးစစ်ဆင်နေ၊ လက်နက်ကြီးအချို့ ထိုင်းဘက် ကျရောက်ပေါက်ကွဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးကျေးရွာအနီးရှိ DKBA မှ ဗိုလ်စလုံး စခန်းကို ယနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး အများအပြားပစ်ခတ်ကာ မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေပြီး လက်နက်ကြီး ကျည်ဆံ ၁ လုံး ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းကျေးရွာအနီးရှိ စစ်ရှောင်ဒုက္ခသည်စခန်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။”ထိုင်းဘက်က ဒုက္ခသည်စခန်းဘက်ကို စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ၁ လုံးကျတယ်၊ ထိုင်းလိုက မဲ့ကိုကင်းပေါ့၊ မြန်မာလိုတော့ နွားခြံပေါ့၊ ထိုင်းစစ်တပ်တောင် အနောက်ကို ပြန်ရွှေ့ထားတယ်၊ အဲဒီစခန်းမှာက စစ်ရှောင် ၅,၀၀၀ လောက်ရှိမယ်၊ ဖလူးဘက်မှာလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်။ စစ်ကောင်စီက လက်နက်ကြီး တရစပ်ပစ်နေတာ၊ အခုလေးတင် ကြားရတာကို အလုံး ၂၀ လောက် ရှိပြီ” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ယနေ့ညနေဖြစ်ပွားသော တိုက်ပွဲအသေးစိတ်၊ နှစ်ဖက်ကျဆုံးစာရင်းကို ကနဦး အတည်ပြုမသိရှိနိုင်သေးပေ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လေးကေ့ကော်မြို့သစ်၊ မယ်ထော်တလေး၊ ထီးမယ်ဝါးခီး၊ ပဟိကလော်၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာများရှိ ဒေသခံ တစ်သောင်းနီးပါး စစ်ရှောင်နေကြရသည်။

ဓါတ်ပုံ – လေးကေ့ကော်ဒေသတိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဘက်သို့ ထွက်ပြေးလာသော စစ်ရှောင်ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article