28 C
Yangon

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်​ရေး ၊ KIA PDF နှင့် NUG ထောက်ခံရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ KIA ၊ PDF နှင့် NUG ထောက်ခံရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ 

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၅ လ ရှိပြီဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ထားသည့် စစ်ကောင်စီ ကန့်ကွက် ပွဲနှင့် KIA PDF NUG ထောက်ခံပွဲပြုလုပ်သည်။

 ဆန္ဒပြ ပြည်သူများက KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့ အစိုးရ ၊ အင်တာနက်  ဖြတ်တဲ့ စစ်ကောင်စီတွေ အသေဆိုးနဲ့သေပါသေ ၊ အင်တာနက် ဖြတ်တဲ့ မင်းအောင်လှိုင် အသေဆိုး နဲ့သေပါစေ ၊ Stop internet shut down Hpakant ၊ အကြမ်းဖက် လူသတ် စစ်ကောင်စီ အလိုမရှိ၊ နွေဉီးတော် လှန်ရေး အရေးတော်ပုံအောင်ကို အောင်ရမည် ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ခဲ့ကြသည် ။

ဖားကန့် ဒေသကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှ ယနေ့ချိန်အထိ ၅ လတိုင် အင်တာနက် ဖြတ်တောက်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article