30 C
Yangon

မတူပီတွင် စနိုက်ပါဖြင့် စစ်သားနှစ်ဦး ပစ်ခံရပြီးသေဆုံး၊ ကန့်ဘလူတွင် ရှော့ဒုန်းဖြင့်ပစ်ခတ်ခံရ၍ စစ်သား ၂ ဦးသေ၊ လွိုင်ကော်တွင် စစ်သား ၃ ဦးသေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ချင်းပြည်နယ်၊ မတူပီတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် မတူပီ-ပလက်၀ လမ်းအခြေစိုက် ထယ်ဘွေး တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF မတူပီက စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း CDF မတူပီက ထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်းကန့်ဘလူတွင် ဈေးဝယ်ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ရှော့ဒုန်းဖြင့် ပစ်ခတ်ရာ နှစ်ဦးလုံး သေဆုံးကြောင်း၊ Kanbalu Underground Warriors-KBU UG အဖွဲ့က သတင်းထုတ် ပြန် သည်။

ဇန်နဝါရီ(၁၂)ရက် နေ့လယ်ပိုင်းက ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှ ဈေးဝယ်ပြန်လာသော စကစနှစ်ဦးကို ထန်းကုန်းနှင့် ဇီးပင်သာရွာကြားတွင် အဝေးထိန်းတူးမီးဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အလားတူ ကယားပြည်နယ်၊ လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထား​သောအကြမ်းဖက်စစ်ကောင် စီတပ်ကို တိုက်ခိုက်ရာစစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်မှ စ၍ မွန်းလွဲ ၁ နာရီ အထိ တိုက်ပွဲ ကြာမြင်ခဲ့ပြီး KDF နှင့် GZ 21 တပ်များပူး​ပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလက် နက်ကြီးများ အဆမတန် အသုံးပြုခြင်းနှင့် လေ ကြောင်းပစ်ကူများပါ အသုံးပြုခဲ့​ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်​ကောင်စီဖက်က (၃)ဦးခန့်​​သေဆုံးပြီး ထိခိုက်ဒဏ်ရာအချို့ ရှိခဲ့ကာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-ချင်းတောင်သို့ တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်) Photo – CDF မင်းတပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article