33 C
Yangon

မန္တလေးမြို့၊ ညောင်ကွဲရပ်ကွက်ရုံး ဗုံးပေါက်ပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရုံးကို ယနေ့ နံနက် ၈ နာရီအချိန် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်  မန္တလေး၊ အောင်မြေသာစံမြိုနယ် ရက်ကွက်ရုံးကို အမည် မသိသူများက ဗုံးဖြင့်လာရောက်ပစ်ခတ်ကြောင်း၊  ဗုံးက ရပ်ကွက်ရုံးကို မထိဘဲ လွင့်စင်ပြီး အခြားနေရာတွင် ကွဲသွားကြောင်း၊ ရပ်ကွက်ရုံးအတွင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထွက်လာပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်နဲ့ ဗုံးလာပစ်တာ ရပ်ကွက်ရုံးကို မထိဘဲ အခြားနေရာမှာကွဲသွားတယ်။ ပစ်တဲ့သူနှယောက်ကို စစ်သားတွေက လိုက်ပစ်တာ  လမ်းသွားလမ်းလာနဲ့ အိမ်မှာနေတဲ့ ပြည်သူ၃ ဦး ကျည်ထိတယ်။ တစ်ယောက်ကတော့ သေ သွားတယ်။ ကျန် ၂ ဦးကတော့ လူနာတင်ကားနဲ့ခေါ်သွားတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်များက ၎င်းတို့ပစ်ခတ်သော ကျည်ထိသော ပြည်သူ ၃ ဦးနှင့်သက်ဆိုင်သူများကို ခေါ်ယူ၍ စစ်တပ်က ပစ်ခတ်သော ကျည်မဟုတ်ဘဲ ဗုံးပစ်သွားသူများ၏ ပစ်ခတ်သော ကျည်ဖြစ်ကြောင်း ခေါ်ယူ လိမ်လည် ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article