36 C
Yangon

မန္တလေး ၃၅ လမ်း လျှပ်စစ်ရုံးရှေ့ စစ်ကောင်စီကင်းတဲကို ပြောက်ကျားတပ်ဖွဲ့များ ဝင်ပစ် စစ်သား အနည်းဆုံး ၁ ဦး သေဆုံး၊ စိုင်ပြင်ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဂဠုန်တပ်တော်က မိုင်းဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးမြို့၊ ၃၅လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ရာ အနည်းဆုံး စစ်သား ၁ ဦး သေဆုံးကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့များထံမှ သိရှိရသည်။

ပြောက်ကျားအဖွဲ့များ ဝင်ရောက်ပစ်ခတ်ချိန်တွင် လမ်းလျှောက်နေသော စစ်သား ၁ ဦး လဲကျသွားကြောင်း၊ နောက် ၁ ဦးမှာ သဲအိတ်များအောက် ဝင်ပုန်းသည်လော၊ လဲကျသေဆုံးခြင်းလော အတည်မပြုနိုင်သေးကြောင်း JMPDF က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့နှင့် JMPDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ကြောင်းနှင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

အလားတူ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းတွင်းရှိ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်အဖွဲ့ကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဂဠုန်တပ်တော်က နေရာ ၅ နေရာတွင် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်သေနတ်များ၊ ၄၀ မမ တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ဂဠုန်တပ်တော် (PDF Galon) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – စိုင်ပြင်ရဲကင်းစခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article