31 C
Yangon

မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် နိုင်ငံတကာက ကြေညာပေးရန် ချင်း၊ ကရင်၊ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင် ၃ ခုက ပူးပေါင်းထုတ်ပြန်တောင်းဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံကိုယ်စားလှယ်ရုံးမှ အဆိုပြုသော မြန်မာနိုင်ငံအပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီးပေးပို့ရေး အပေါ် ထောက်ခံကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံတွင်  စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကြေညာပြီး လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရေးအပါအဝင် အချက် ၃ ချက်ကို ချင်းအမျိုးသားတပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ၊ နိုင်ငံတကာ မိတ်ဆွေများနှင့်အတူ လုံခြုံသောနေရာများနှင့်အတူ ‘လုံခြုံသောနေရာများနှင့် လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးရေး စင်္ကြန်များ ပူးပေါင်းဖော်ဆော်ငရေးတောင်းဆိုမှုအပါအဝင် အမျိုးသမီးနှင့် လူငယ်များ၏အသံကို မြှင့်တင်ရန်အတွက် အထူးသံကိုယ် စားလှယ်၏ အဆိုပြုချက်ကို ထောက်ခံကြောင်း CNF၊ KNU နှင့်KNPP တို့က ပူးတွဲထုတ်ပြန်သည်။

အလားတူ မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကို ကြေညာ၍ လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရန်၊ နိုင်ငံတကာအာမခံမှုဖြင့် အရပ်သားပြည်သူများကိုအကာအကွယ်ပေးအပ်သည့် လုံခြုံသောနေရာများ သတ်မှတ်ပေးရန်နှင့် စစ်ရှောင်များအတွက် ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများကဲ့သို့ နေရာများ တိတိကျကျကြေညာပေးရန်၊ နိုင်ငံတကာအတိုင်းအတာဖြင့် ညှိနှိုင်းထားသော လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများကို ကြေညာပြီး ထိုနေရာများမှတဆင့် နယ်စပ်ဖြတ်ကျော်ကာ သို့မဟုတ် နိုင်ငံတွင်း အဓိကကျသောနေရာများမှတဆင့် အကူအညီပေးရေး အဖွဲ့အစည်းများအနေနှင့် အလိုအပ်ဆုံးနေရာများကို သွားရောက်ပံ့ပိုးရန် စသည့် အချက် ၃ ချက်ကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် လူသားခြင်းစာနာထောက်ထားမှုအကူအညီများ အရေးတကြီးလိုအပ်လျှက်ရှိသော နေရာများဖြစ်သည့် ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးဒေသများရှိ ပြည်သူများထံ အကူအညီများရောက်ရှိရန် ချဲ့ထွင်ဆောင်ရွက်ရန်လိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့ခြင်းကို ရှုတ်ချကြောင်း တိုင်းရင်းသား ၃ ဖွဲ့က ဆိုပြီး မြန်မာနိုင်ငံမှ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလျှင်အမြန်ပံ့ပိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article