28 C
Yangon

မြဝတီ-ကော့ကရိတ် အာရှလမ်းမတွင် ဂတ်စ်တင်ကား ၁ စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီး (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကွမ်းခြံကွေ့အနီး၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ဂတ်စ်တင်မော်တော်ယာဉ် ၁ စီး ယနေ့ ဇန်နဝါရီလ နေ့လယ် ၁ နာရီခန့်တွင် ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးကာ ကာမီးလောင်သွားကြောင်း သတင်းရရှိသည်။

“အာရှလမ်းမအတိုင်း ဆင်းလာနေတုန်း ပစ်ခံရတာပေါ့၊ ၃ စီး ဆင်းလာတယ်၊ ၁ စီး မီးလောင်သွားတယ်၊ ယာဉ်မောင်းလည်း သေသွားတယ်၊ ၂ စီးကတော့ ဆက်သွားသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ဆီတင်မော်တော်ယာဉ်၊ ဂတ်စ်တင် မော်တော်ယာဉ်များ အခုရက်ပိုင်းအတွင်း ၄ ကြိမ်မြောက် ပစ်ခတ်ခံရခြင်းဖြစ်သည်။

ယခင်ပစ်ခတ်မှုများတွင် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီတင် မော်တော်ယာဉ်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNLA သတင်းရင်းမြစ်များက ပြောဆိုထားပြီး အဆိုပါ မော်တော်ယာဉ်ကုမ္ပဏီဘက်မှလည်း လေယောဉ်ဆီမဟုတ်ကြောင်း ငြင်းဆိုထားသည်။

ယခုတစ်ခေါက် ပစ်ခတ်ခံရပြီး မော်တော်ယာဉ်မီးလောင်မှုသည် မည်သည့်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်ကြောင်း  အတည်မပြုနိုင်သေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article