36 C
Yangon

မြောင်မြို့တွင်PDF များ၏ လုံခြုံ​ရေး ယူ​ပေးမှုဖြင့် NUGထောက်ခံပွဲနှင့်စစ်အာဏာရှင် ဆန့်ကျင်​ရေး ပြည်သူ့သပိတ်  ချီတက် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အာဏာရှင်ကို အဆုံးစွန် ရွံ့ရှာနေသော ပြည်သူများ ၏ NUGထောက်ခံပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သပိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့များ၏ လုံခြုံရေးယူပေးမှုဖြင့် ယမန်နေ့က အောင်မြင်စွာ ချီတက် ပြုလုပ်ကြသည်။ 

​မြောင်မြို့ပေါ်တွင် စစ်တပ်ရှိနေသည့်ကြားမှ မြောင်မြို့နယ်  ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များဖြစ်ကြသည့်  Myaung Union Army  ၊ CDSOM ၊ M2W ၊ PDF TALOKE ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ MGN GANGER ၊ YFPDF ၊ စွန်ရဲအဖွဲ့၊ ပြောက်ကျားလင်းယုန် ၊ ဗိုလ်ကျားသစ် နှင့် GGG စသည့် မြောင်နယ်အခြေစိုက်ပြည်သူကာကွယ်ရေးတပ်၊အဖွဲ့များက လုံခြုံရေးလိုက်ပါပြီး NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့သပိတ်ကို  အောင်မြင်စွာချီတက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article