37 C
Yangon

ယင်းမာပင်မြို့နယ်တွင်စကစ နှင့်PDFပူးပေါင်းတပ်များအကြားအပြင်းအထန်တိုက်ပွဲဖြစ်၊စစ်သားအများအပြားသေ

Must read

ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေအကြား ဇန်နဝါရီလ ၇ ရက်နေ့က တစ်နေကုန်နီးပါး အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

အဲဒီတိုက်ပွဲကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊Hero Tiger တပ်ဖွဲ့အပါအဝင် ခရိုင်မဟာမိတ်(PDF)တွေနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက မုံရွာ-ယင်းမာပင်-ပုလဲသွားကားလမ်းတစ်လျှောက်ကို သာလွန်အင်အားအသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့အတွက် ထိပ် တိုက်တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ခရိုင်ပူးပေါင်းPDFတပ်ဖွဲ့ဝင်တွေက စစ်ရေးအရ အသာစီးရယူခဲ့ပြီး မိုင်းတွေအပါအဝင် အခြားသောစက်လက်နက်ပစ္စည်းများနဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့ကြတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးသလို ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့အရှေ့ဘက် ကောင်းဆင့်ကျေးရွာက စိတ်မနှံ့နဲ့အမျိုး သားတစ်ဉီးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပြီး လူနေအိမ်နဲ့အတူ တွဲကာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီကနေ့ တိုက်ပွဲမှာတော့ ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုမရှိခဲ့သလို ယင်းမာပင်မြို့နယ်မှာ စစ်ရေးတင်းမာလျက်ရှိနေတယ်လို့ ဒေသ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article