26 C
Yangon

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတား၊ သာကေတ၊ တောင်ဥက္ကလာ တွင် ဗုံးများ ပေါက်ကွဲ၊ မြောက်ဥက္ကလာပတွင် ဗုံးတွေ့၊ မန္တလေးနှင့်ပဲခူးရဲစခန်းအနီးတွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ ဇန်န၀ါရီ ၃၁

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတား၊ သာကေတ၊ တောင်ဥက္ကလာ တွင်ယနေ့ တစ်နေကုန် ယခုအချိန်အထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲနေပြီး မန္တ လေးတွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်၊ ကျောက်တံတားရဲစခန်းရှေ့ တော်ဝင်ကုန်းကျော်တံ တားအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း လမ်းမများကို ပိတ်ဆို့ စစ်ဆေးမှုများ ရဲနှင့်စစ်တပ်ဘက်က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးပေါက်ပြီးတော့ လမ်းတွေတော့ ပိတ်လိုက်တယ်။ ကားတွေ စစ်တယ်။ နာရီ ဝက်လောက်ကြာတော့ လမ်းပြန်ဖွင့်ပေးတယ်။အခြေအနေကတော့ ရုတ်ရုတ် သဲသဲပုံစံမျိုးပဲ။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတော့ မကြားမိသေးဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ဇန်နဝန်ရီလ ၃၁ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲရာတွင် ‌ရွှေကောင်းကြွယ် ၊ လက်ဖက်ရည်ဆိုင်ဘေးလမ်း ၊ လေတပ် ဗိုလ်မှုးတစ်ဦး၏ နေအိမ်တွင်ပေါက်ကွဲကြောင်း Hlaing Info က သတင်းဖော်ပြသည်။

“ဗုံးပေါက်တာတော့ ဟုတ်တယ်။ ဘယ်နားကို ဘယ်လိုဖောက်လဲတော့မသိဘူး။ အသံကြားလိုက်ရတယ်” ဟု တောင်ဥက္ကလာဒေသခံတစ်ဦးကပြောသည်။

သာကေတမြို့နယ်တွင်လည်း ည ၇ နာရီ ၁၃ မိနစ်တွင်လည်းကောင်း၊ ည ၈ နာရီ ၃၈ မိနစ်တွင်လည်းကောင်း၊ ည ၈ နာရီ ၅၄ မိနစ်အချိန် အမှတ် ၂ ရဲစခန်းအနီးမှလည်းကောင်း ပေါက်ကွဲသံများ ကြားရကြောင်း ဒေသကင်းထောက်သတင်းများအရ သိရှိရသည်။

မြောက်ဥက္ကလာပတွင်လည်း ယနေ့ နံနက်၆နာရီဝန်းကျင်ခန့်၌ မြောက်ဥက္ကလာပမြို့နယ် စျ-စျေး၊ စျေးခေါင်းရုံးအနီး တံခါးပေါက်တွင် ချိတ်ဆွဲထားသည့် မပေါက်ကွဲသေးသော ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း အဆိုပါစျေးအနီးတွင်နေထိုင်သည့် ပြည်သူတစ်ဦးထံမှသိရသည်။

”စျေးဟောင်းဘက်မှာတွေ့တာဗျ၊မနက်၆နာရီထိုးခါနီးလောက်ပဲ၊စျေးစည်ပင်ရုံးနဲ့တော့နည်းနည်းနီးတယ်၊လူတွေအနားမသွားရဘူးလမ်းပိတ်ထားပြီး စစ်တပ်နဲ့ရဲက လာရှင်းကြတာ၊မနက်၈နာရီလောက်မှပြည်ဖွင့်ပေးတယ်”ဟု စျေးသည်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောသည်။

အလားတူ မန္တလေး ၆၉၊ ၃၆ လမ်းဘေးရှိ စည်ပင်တိုက်တန်းအနီးတွင်လည်း ယနေ့ ညနေ ၇ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး တိုက်ခန်းများ အတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများရှိကြောင်း၊ မန္တလေးမြေပြင်ကင်းထောက် Vomdyက သတင်းဖော်ပြသည်။

အလားတူ ပဲခူးမြို အမှတ်(၂)ရဲစခန်းကို ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ အချိန် ည ၇ နာရီ ၃၀ မိနစ် အချိန်တွင် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲခဲ့ BDF ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article