28 C
Yangon

ရန်ကုန်ရွှေပေါက်ကံနှင့် ယုနဇဥယျာဉ်မြို့တော်တို့တွင် ပြည်သူ ၁၆ ဦး ထက်မနည်းကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

အကြမ်းဖက်စစ်ကောင်စီတပ်များက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနှင့် ဒဂုံမြို့သစ် ဆိပ် ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တို့တွင် ပြည်သူ ၁၆ ဦးထက်မနည်းကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

နိုင်ငံရေးအကျဉ်းသားဟောင်း မင်းလွင်(ခ) ကျီးကန်း ဆိုသူသည် ဖက်ဆစ်ဆန့် ကျင်ရေးလက်ရုံးတပ်ဖွဲ့-Anti-Fascist Armed Force ပိုင်ဆိုင်သော လက်နက်ခဲယမ်းများကို အရေးပေါ် ထားသိုရန်အတွက် ၎င်းပိုင်ဆိုင်သော မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ၁၆ရပ်ကွက် တောင်ငူလမ်းရှိ အဆောင်တစ်ခုတွင် ၎င်းင်းကိုယ်တိုင် ပစ္စည်းများ ထားရှိလို့ ရပါသည်ဟုဆိုကာ လက်ခံထားရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သူပိုင်ဆိုင်ရာ အဆောင်ရှိနေသည့် လက်နက်ခဲယမ်းများကို မထားပေးနိုင်တော့ဘဲ ညတွင်းချင်း ရဲလက်အပ်မည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်း  ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) ယုဇနဥယျာဉ် ၉၂ရပ်ကွက်၊ စစ်တောင်းရိပ်မွန် နှင်းဆီလမ်း တိုက် ၄၁တွင် လူငယ် ၆  ဦးကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး ရိုက်နှက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“လက်နက်တွေလည်း ဓာတ်ပုံရိုက်ယူသွားတာ တွေ့လိုက်ပါတယ်။ ကျွန်မတို့လည်း အခန်းထဲကြည့်တာတောင် ပြန်ဝင်ဆိုပြီး ဓတ်မီးတွေနဲ့ထိုးထိုးကြည့်ပါတယ်။ ဒလန်တွေ သတင်းပေးတာပဲ ဖြစ်မယ် ထင်တယ်။ အင်အားအလုံးအရင်းနဲ့ကို ဝင်ဖမ်းတာ။ ဖမ်းထားတဲ့လူငယ်တွေကို လက်မြှောက်ခိုင်းပြီး ရိုက်နှက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။  

ဓာတ်ပုံ- နိုင်ငံရေးအကျဉ်းဟောင်းမင်းလွင်(ခ) ကျီးကန်း၏ သတင်းပေးမှုကြောင့် သိမ်းဆည်းခံလိုက်ရသော လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article