29 C
Yangon

ရန်ကုန်သာကေတ၊ မုံရွာနှင့် ရေစကြိုတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

ရန်ကုန်သာကေတမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် တောပုကျေးရွာ ပျူစောထီးအဖွဲ့ဝင် ငြိမ်းဆောင် သေနတ်ဖြင့် ပစ်သ တ်ခံရကြောင်း သိရသည်။ 

သေဆုံးသူ ငြိမ်းဆောင်သည် လက်သမားဆရာတစ်ဦးဖြစ်ကြောင်း၊ပျူစောထီးအကြီးစားတစ်ဦး၏ လက်ထောက်တစ်ဦးလည်းဖြစ်ကြောင်း၊တောပုမှ အ နောက် ကျွန်းသို့ ဆိုက်တွဲဖြင့် သစ်သားထွက်ဝယ်စဉ် ညောင်ဖြူပင်နှင့်ကျွန်းကြီး ကျေးရွာကြားရှိ လက်ပံတန်းအနီးတွင် သေနတ်ဖြင့် ပစ်သ တ်ခံရကြောင်း၊ပစ်ခတ်မှုတွင် မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးကြောင်း၊ လက်သ မားဆရာငြိမ်းဆောင်သည် အသက်၆၀ခန့်အရွယ်တစ်ဦးဖြစ်ပြီး ၎င်းမိသားစုသည် စစ်တပ်အမာခံထောက်ခံသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။ 

အလားတူ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရပ်သာအုပ်စု၊ ရပ်သာကျွန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသန်းဇော်ကို ဇန်နဝါရီလ ၁၃ ရက်နေ့ ၁ နာရီခွဲဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တချို့က ပစ်သတ်သွားကြောင်း‌ ဒေသ ခံများက ပြောသည်။ 

ထို့ပြင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၊ ၁၃ ရပ်ကွက်၊ ဇေယျာ၀တီ ၄ လမ်းမှ စစ်ကောင်စီခန့် ရာအိမ်မှူး လှသွင်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅မိနစ် အချိန်ဝန်းကျင်အချိန် ဇေယျဝတီ (၂) လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေချိန် သေနတ်ဖြင့် နဖူးတည့်တည့် ပစ်ခတ်ခံလိုက်ရသဖြင့် သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်သာကေတသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article