32 C
Yangon

ရန်ကုန်အလုံရှိ စစ်တပ်​ဒေါက်တိုင် တေဇပိုင် ထူးဓာတ် ဆီဆိုင် ဗုံး​ဖောက်ခွဲ မီးရှို့ခံရ၊ တစ်ဆိုင်လုံးပြာကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

ရန်ကုန်မြို့၊ အလုံမြို့နယ် ထော်လီကွေ့မှတ်တိုင် အနီးရှိ စစ်​ကောင်စီနှင့်ပူးတွဲစီးပွားရေးလုပ်ကိုင်နေသော တေဇပိုင် ထူးဓာတ်ဆီဆိုင်ကို ယနေ့ နံနက်ပိုင်းတွင်မီးရှို့ကာ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်လိုက်သဖြင့် တစ်ဆိုင်လုံး မီးလောင် ပြာကျသွားကြောင်း Special Task Agency of Burma – STA အဖွဲ့က ပြော သည်။ 

ဇန်နဝါရီ ၁၆ ရက်နံနက် ၄ နာရီခန့်တွင် အထက်ပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်တစ်ခုလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း STA က ပြော သည်။

“မနက် ၄နာရီ ၅မိနစ်ခန့်က အလုံမြို့နယ် ​အောက်ကြည့်မြင်တိုင်ကမ်းနားလမ်း ​ထော်လီ​ကွေ့ မှတ်တိုင်အနီး ခရိုနီ​တေဇ ပိုင် ထူးဓါတ်ဆီဆိုင် ပေါက်ကွဲပြီး မီး​လောင်သွားတယ်။ ​နောက် ၁၀မိနစ်​လောက် ​နေ​တော့ မီးကများလာပြီး ဓါတ်​ဆီ​တွေနဲ့ ထိ​တွေ့ပြီး အကျယ်ကြီး​ပေါက်ကွဲသံနဲ့အတူ မီးပို​လောင်ကျွမ်းသွားတယ်။ ၄နာရီ ၃၀​လောက်မှ မီးထိန်းနိုင်ခဲ့ပြီး ၄နာရီ၄၅မှာ ငြိမ်းသွားတယ်။ မီး​လောင်​လောင်ချင်း မ​ပေါက်ကွဲ​သေး​တော့ ဝန်ထမ်း​တွေ ထွက်​ပြေးချိန်ရတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

STA အဖွဲ့သည် မကြာသေးမီက အာဏာရှင်ဟောင်း နေဝင်းမြေးပိုင် YBS 56 ယာဉ် ၂ စီးကို ဗုံးဖောက်ခွဲခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article