35 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီ သတင်းပေး ၂ ဦး အသတ်ခံရပြီးနောက် အလောင်း လာကောက်သည့် စစ်တပ်က အသက် ၆၀ အရွယ် ပြည်သူ ဦးမှန်ရောင်ကို ပစ်သတ်သွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် သန်တောကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ မသီနှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ကို အမည်မသိ သေနတ်သမားများက ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉နာရီခန့်တွင် ပစ်သတ်ခဲ့ပြီးနောက် အလောင်းလာကောက်သည့် စစ်တပ်က ထူးကြီးရွာသား ပြည်သူတစ်ဦးဖြစ်သူ အသက်၆၀အရွယ် ဦးမှန်ရောင်ကို ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ 

” စစ်တပ်က အလောင်းလာကောက်တဲ့ အချိန် ဆက်တိုက်တွေ ပစ်တာ ရမ်းသမ်းပစ်တာလား။ ချိန်ပစ်တာလားတော့ မသိဘူး။ ပြည်သူ တစ်ဦးကတော့ ကျည်ထိပြီးသေသွားပြီ။ ထူးကြီးရွာသား အသက်၆၀အရွယ် ဦးမှန်ရောင်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ 

ဒလန် ၂ ဦးသေဆုံးသောကြောင့် အလောင်းလာကောက်သည့် စစ်တပ်သည် ပလိုင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များဖြစ်ပြီး အဆိုပါ ဒလန် သားအဖသည် စစ်တပ်က ပြည်သူများထံမှ မတရားသော နည်းဖြင့် ယူဆောင်ထားသော စပါးများကို လိုက်လံ ရောင်းချပေးနေသူများ ဖြစ်ကြောင်းသိရသည်။      

” ရွှေဘိုမြို့နယ် သန်တောကျေးရွာက စကစ သတင်းပေးသတ်ခံရတယ်။ ဒီနေ့ နံနက် ၉နာရီခန့်ကဖြစ်တာလို့ သိရတယ်။ သတ်ခံရတဲ့ အမျိုးသမီးနဲ့ သူအဖေက ပန်းလှိုင်ရွာက စစ်ခွေးတွေနဲ့ ဝါရုံကန်ကျေးရွာက စကစခန့် အုပ်ကြီးနဲ့ ပေါင်းပြီး ပလိုင်းရွာ ပြည်သူများတွေဆီက စစ်တပ်က မတရားကောက်ခံထားတဲ့ စပါးကိုရောင်းပေးတယ်သိရပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသော မသီ သတ်ဖြတ်ခံရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article