26 C
Yangon

လောင်းလုံးတွင် ပျူစောထီးစခန်းကို PDF ကဝင်သိမ်းပြီး လက်လုပ်သေနတ်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီး-ကမ်းပနီရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီလ ၂၀ ရက် ည ၁၁ နာရီခွဲမှာ  Launglone People Defence Forces နဲ့ DDT တပ်ခွဲဲတို့ပူးပေါင်း ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ဝင်ရောက်စီးနင်းချိန်မှာ  နှစ်ဖက် ပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် PDF တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးဆိုပါတယ်။ 

ပျူစောထီးစခန်းကနေ လက်လုပ်သေနတ် ၆ လက်၊  M-16 ကျည် ၁၀၀ ဝန်းကျင်၊ ကီးပက် ဖုန်း ၃ လုံး ၊ ဆိုင်ကယ် ၅ စီး၊ ဓါးမကြီး ၅ လက် တို့ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဖုန်းနဲ့ဆိုင်ကယ်တွေကို ပြည်သူ့အစိုးရတက်တဲ့အခါ အစိုးရကိုအပ်နှံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – LPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article