32.1 C
Yangon

လွိုင်ကော်တွင် စစ်ကောင်စီတပ်နှင့် KNDF၊ PDF ပူးပေါင်းတပ်များ နေ့စဉ်တိုက်ပွဲဖြစ်၊ စစ်ကောင်စီအလောင်းများ ကောက်ယူမည့်သူမရှိ၍ သဂြိုလ်ပေးရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNDF ၊ PDF ပူးပေါင်းတပ်များ နေ့စဉ် တိုက်ပွဲဖြစ်လျက်ရှိပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသူများ၏ အလောင်းများကို ကောက်ယူမည့်သူမရှိ၍ KNDF က လူသားဂုဏ်သိက္ခာနှင့်အညီ သဂြိုလ်ပေးလျက်ရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။

 ယနေ့ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်အချိန်  လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် နည်းပညာတက္ကသိုလ် အနီးတဝိုက်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်း ဖက် စစ်ကောင်စီတပ်များဖက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး မိမိတို့ဘက်မှ ထိခိုက်မှု တစ်စုံတရာမရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ 

လွိုင်ကော်မြို့၊ ရွာတန်းရှည်နှင့် မိုင်းလုံးရပ်ကွက်တွင် ယခင်ရက်တိုက်ပွဲများအတွင်း သေဆုံးခဲ့ပြီး ကောက်ယူ သင်ဂြိုလ်မည့်သူမရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို KNDF နှင့် ပူးပေါင်းတပ်များမှ လူ့ဂုဏ်သိက္ခာနှင့်အညီ မီးရှို့သင်ဂြိုလ်ပေးခဲ့ကြောင်း၊  ထို့ပြင် ဇန်နဝါရီလ ၁၁  ရက်နေ့၊ နံနက်ပိုင်း ၆ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ဘော်လခဲမြို့နှင့် နန်းဖဲကျေးရွာ အကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ မက်စလောင်တောင်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် KNDF တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊  တိုက်ပွဲမှာ (၄၅) မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သော်လည်း အရေ အတွက်ကို အတည်မပြုနိုင်ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article