36 C
Yangon

အခြေခံ စစ်သင်တန်းပါပေးမည့် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တက်နေသော သင်တန်းသား ၂၀၀ ကျော်တွင် ဦးစီးအဆင့် အရာရှိများ အပါအဝင် တစ်ဝက်ကျော် ကိုဗစ်ကူးစက်ခံရ၊ မည်သူမှ ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄ 

အခြေခံစစ်သင်တန်းများပါ ပို့ချရန်ရှိနေသည့် ရန်ကုန်တိုင်းလှည်ကူး၊ ဗဟိုဝန် ထမ်းတက္ကသိုလ်တွင် သင်တန်းသား ၂၀၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း ရောဂါ ကူးစက်ခံထားရသူ သင်တန်းသား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။ 

ယခု ဖွင့်လှစ်လျက်ရှိသည့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်လ သင်တန်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ Non-CDM ဝန်ထမ်းများ တက်ရောက်နေကြပြီး ဌာနပေါင်းစုံမှ ဝန်ထမ်းများပါဝင်ကြောင်း၊ ကိုဗစ်ကူးစက်မှုများဖြစ်ပွားပြီးနောက် လက်ရှိတွင် သင်တန်းသားအားလုံးကို အပြင်ထွက်ခွင့်မပေးတော့ဘဲ စောင့်ကြည့်နေကြောင်း သင်တန်းတက်ရောက်နေသော ဝန်ထမ်းတစ်ဦးကပြောသည်။ 

“အခုလက်ရှိ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းတက်နေတဲ့ Non CDM ‌တွေ ၂၀၀ ကျော် မှာ တစ်ဝက်လောက်က ကိုဗစ်ကူးစက်ခံထိလို့ ဘယ်သူကိုမှအပြင်ပေးမထွက်ဘူး။ ဆေးရုံလည်းမပို့ပေးဘဲ အဲဒီမှာပဲ ထားတာ။ အဲဒီရောက်မှ ကူးကြတာချည်းပဲ။ အရင်လူနာတွေထားတဲ့အဆောင်တွေမှာပဲ။  အရင်အစိုးရလက်ထက်က ကိုဗစ်နဲ့မို့ အွန်လိုင်းကပဲတက်ကြရတာ။ အခုမှ ဘာအရူးထပြီး ခေါ်တက်ခိုင်းတာလဲတော့မသိဘူး။အ ခြေခံစစ်သင်တန်းပါပေးဖို့ရှိတာ။ အဲဒါတွေ မပေးခင် အကုန်ကူးကုန်တာ။ အခုထိ နောက်ထပ်ကူးစက်ခံနေရတဲ့သူတွေအများကြီးရှိသေးတယ်လို့သိထားရပါတယ်။ ဦးစီးအဆင့်တွေတော် တော်များများပါတယ်။သင်တန်းကာလက နှစ်လပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက် နေ့ကစတက်ရတာ”ဟု သင်တန်းသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် မိသားစုများက ဆေးဝါးနှင့်အစားအသောက်များ ပို့ခွင့်ရှိသော် လည်း အကျဉ်းကျသကဲ့သို့ ပိတ်လှောင်ထားကြောင်း၊ ပြင်ပသို့ သတင်းပေါက်ကြားမှုမရှိစေရန် လျှို့ဝှက်ခိုင်းထားကြောင်း၊ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းများ ဆက်လက်ဖွင့်လှစ်မည်ဟု သိရှိရကြောင်း သင်တန်းသားတစ်ဦးကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article