32 C
Yangon

အောင်လံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများ ပစ်သတ်ခံရသည့်နေရာတွင် စစ်တပ်အရိုးအထူးကု ဗိုလ်မှူး လိုက်ပါသော ကားတိမ်းမှောက်ပြီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်ရှိ စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်က ပစ်သတ်ခဲ့သည့်နေရာတွင် စစ်တပ် အရိုးအထူးကု ဗိုလ်မှူးလိုက်ပါသော လူ ၆ ဦး ပါ အိမ်စီးကားတစ်စီး ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီတွင် တိမ်းမှောက်ပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း အောင်လံ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်၊ ပြည်လမ်း၊ အောင် လံ ရဲစခန်းရှေ့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန် မင်္ဂလာဒုံစစ်ဆေးတက္က သိုလ်မှ ဗိုလ်မှူးအဆင့်ရှိသူ မိသားစုဝင် ၆ ဦးလိုက်ပါသော ကား ရုတ်တရက် တိမ်းမှောက်သွားကြောင်း၊ ဗိုလ်မှူးအပါအဝင် ၄ ဦးသေဆုံးသွားကြောင်း၊ ကားတိမ်းမှောက်သေဆုံးသည့်နေရာသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်သတ်ခဲ့သည့်နေရာပင်ဖြစ်ကြောင်း သိရှိရသည်။

” ဇန်နဝါရီ ၁၁ ရက်နေ့ည ၁၁ နာရီကျော်ကျော် လောက်မှာ Insight ကားနဲ့ မင်္ဂ လာဒုံစစ်ဆေး အရိုးအထူးကု ဗိုလ်မှူး အပါ စုစုပေါင်း ၆ ယောက် မိတ္တီလာကိုသွားတယ်။ အောင်လံမြို့မ ရဲစခန်းရှေ့မှာ ကားကတစ်ဖက်ဆွဲပြီး လမ်းဘေးသစ်ပင်နဲ့တိုက်မိပြီး ဗိုလ်မှူးအပါအဝင် လေးယောက်သေပါတယ်။

တစ်ခုထူးခြားတာက သူတို့ဖြစ်တဲ့နေရာဟာ အောင်လံမြို့ ဆန္ဒပြပွဲတွေအတွင်း အပစ်သတ်ခံရတဲ့ နေရာပါ။ တချို့ပြောစကားတွေအရတော့ ကားကမောင်းနေရင်းနဲ့ တခုခုကိုရှောင်လိုက်သလိုဖြစ်ပြီး သစ်ပင်ကို ဝင်တိုက်မိတာပေါ့။ မြို့ခံတွေက တော်လှန်ရေးမှာ မတရား ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ ကျနော်တို့ပြည်သူတွေ ပါနေကြပြီဆိုပြီး ပြောဆိုနေကြတယ်” ဟု အောင်လံဒေသခံတစ်ဦးက ပြောသည်။

ကားပေါ်လိုက်ပါသူ ၆ ဦးအနက်မှ ၄ ဦးသေဆုံးသွားပြီး ကျန် ၂ ဦးမှာလည်း အရေးပေါ် အခြေ အနေ ဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article