38 C
Yangon

၀ဏ္ဏမောင်လွင် တက်ဖို့ ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကမ္ဘောဒီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဝန်ကြီးများက အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဇန်န၀ါရီလ ၂၀ ရက်နေ့ အထူးပါလီမန်အစည်းအ ဝေးနဲ့ Omicron ကိုဗစ်ရောဂါပိုး ကြောင့် ကျွန်တော် မတက်ရောက်နိုင်တော့ပါဘူး။ အာဆီယံအစည်း အဝေးတက်မယ်ဆိုရင် လွှတ်တော်အစည်းအဝေးကို တက်ရောက်နိုင်မှာ မ ဟုတ်ပါဘူး”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ မြန်မာ တက်ရောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးဖြစ်ပေါ်ကာ နော က်ဆုံး အစည်းအဝေး ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် ပြီးခဲ့သည့်နှစ်တွင် မလေးရှား၏ ဆုံးဖြတ်ချက်ကို Saifuddin က ထပ်မံ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေများကို ဖြေရှင်းရန်အတွက် အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဓာတ်ပုံ- အာဆီယံတွင် ပြဿနာ အကြီးအကျယ်ဖြစ်ပေါ်စေသည့် မင်းအောင်လှိုင်နှင့် ၀ဏ္ဏမောင်လွင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article