32 C
Yangon

DKBA ဗိုလ်စလုံးစခန်းကို စစ်တပ်နှင့် BGF က ဝင်တိုက်၊ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ DKBA ဗိုလ်စလုံးစခန်းကို ယနေ့ ညနေ ၅ နာရီဝန်းကျင်မှစတင်ပြီး စစ်တပ်နှင့်BGF က အပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရပ်ကွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဗိုလ်စလုံးစခန်းကို ဒီနေ့ ညနေ ၅ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော အကုန်သုံးပြီး ဝင်တိုက်နေတာ။ ဒီဘက်ကလည်း ပြန်ပြီးခုခံနေတယ်။ သောင်ရင်းမြစ်တစ် ဖက်ကမ်း နွားခြံပေါ့။ စစ်ဘေးရှောင်တွေနဲ့ နွားခြံထဲကိုလည်း စစ်ကောင်စီက ပစ်လိုက်တဲ့ ကျည်တွေကျတယ်။ အင်အားသုံးပြီးတော့ကို တိုက်နေတာ” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရပ်ကွက်က ပြောသည်။တိုက်ပွဲကြားတွင် ရောက်ရှိနေသော စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း တိုက်ပွဲသည် ၂ နာရီကျော်ကြာမြင့်လာပြီဖြစ်ကြောင်း ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၂ နာရီလောက်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အသားကုန်ပစ်နေကြတာ။ ကျည်တွေဆိုတာ မိုးရွာနေသလား မှတ်ရတယ်။ အခြေအနေက တိုက်ပွဲပြင်းထန်တယ်။ အကျအဆုံးမသိရသေးဘူး” ဟု ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် BGF တပ်များသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ KNLA စခန်းများနှင့် DKBA စခန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းဖြင့် ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံး စစ်ထိုးရန် ကြိုးစားလာခြင်းဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article