31.9 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ၃ ရက် ဆက်တိုက် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂ ဦးသေ၊ စစ်ကား ၂ စီး ပျက်စီး၊ ကျည်ဆံထိမှန်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း  ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ၊ စစ်ကား ၂ စီးပျက်စီးခဲ့ကာ စစ်ကောင်စီ ခမရ ၄၃၄ က ရမ်းသန်းပစ်ခတ်လို့ ထူးမောဒဲဒေသရှိ ပြည်သူ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၈ ရက် နံန်က ၁၀ နာရီ ၁၀ မိနစ်တွင် စစ်ကောင်စီ၏ သစ်တပင်ကုန်းစခန်းကို KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ခမရ ၄၃၄ က လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်လို့ ဖာပွန်၊ ထူးမောဒဲဒေသရှိ အသက် ၇၅ နှစ်အရွယ်နှင့် အသက် ၅၆ နှစ် အရွယ် အမျိုးသမီး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း၊ မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်ကောင်စီ၏ ညာ့တခိုကျိုးစခန်းကို KNLA က ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖာပွန်-ကမမောင်းလမ်း၊ ၁၈ မိုင်နှင့် ၁၉ မိုင်ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကား ၁ စီး ပျက်စီးသွားကြောင်း စစ်သား ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း၊ ဇန်နဝါရီလ ၂၀  ရက်တွင်လည်း ဖာပွန်-ကမမောင်းလမ်း ၂၁ မိုင်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကား ၁ စီး ထပ်မံ ပျက်စီးသွားကြောင်း၊  စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၂ တပ်ဖွဲ့က ဒွယ်လိုးမြို့နယ်၊ ထီးသလုထာ့ကျေးနယ်၊ ဖွေးထော်ရူရွာ၊ မာထောကျေးနယ်၊ ခွေးသေရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article