32 C
Yangon

ကပေါင်းကျရွာအထွက်တွင် ယမန်နေ့က မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး၊ မူးဘောင်တံတားပေါ်တွင်လည်း တုံးလုံးပက်လက်သေဆုံး (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅

တန့်ဆည်၊ ကပေါင်းကျကျေးရွာသို့ ဝင်ရောက်မီးရှို့သော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ ဦး ကျော် သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။ကပေါင်းကျကျေးရွာကို ဝင်ရောက်မီးရှို့သော အင်အား ၁၆၀ ခန့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖေါ်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်နေ့အတွင်း အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့ခြင်းဖြစ်သည်။ယခု ဗီဒီယိုသည် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် ကပေါင်းကျရွာအထွက် မူးဘောင်တံတားပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မူးဘောင်တံတားပေါ်တွင် တုံးလုံးပက်လက်သေဆုံးနေသော စစ်သားအလောင်းကို တွေ့မြင်ရသည်။မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် တံတားရှိသော်လည်း မကူးရဲတော့ဘဲ ဖောင်များဖြင့် သေဆုံးဒဏ်ရာရသူများကို သယ်ဆောင်ခဲ့ကြောင်း၊ ရွာရှည် (မြောက်) ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးကာ ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။မှတ်ချက် – ယခုဗီဒီယိုတွင် အသံပါဝင်ခြင်း မရှိပါ။
Video – Guerrilla Warfare – K.P.K

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article