28 C
Yangon

ကလေးတွင် စစ်ယာဉ်တန်းကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၁၇ ဦးခန့် သေဆုံးပြီး CDNF ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကား ၈ စီးပါသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၉ ဦးခန့် သေဆုံးကြောင်း၊ CNDF ၁ ဦး ကျဆုံးကြောင်း PDF Kalay က သတင်းထုတ်ပြန်သည်။စစ်ကောင်စီယာဉ်တန်းကို PDF (Kalay) ၊ CNDF၊ CDF (KKG)၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း CNDF ရဲဘော် ၁ ဦး လက်နက်ကြီး ထိမှန် ကျဆုံးခဲ့ကာ အခြား ၅ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ကလေးမြို့ဘက်သို့ ဆက်လက်ထွက်ခွာလာပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခန့်တွင် ၂ ကြိမ်၊ ညနေ ၅ နာရီခန့်တွင် ၁ ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ကား ၁ စီး ပျက် စီးသွားပြီး စစ်သား ၈ ဦး သေဆုံးကြောင်း၊ ကလေးမြို့နှင့် ၈ မိုင်ခန့်အကွာ ထောက် ကြံ့ကျေးရွာတွင် စခန်းချထားကြောင်း PDF Kalay က သတင်းထုတ် ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article