31 C
Yangon

ကျိုက်ထိုတွင် စစ်တပ်အချင်းချင်း မှားပစ်၍ စစ်သား ၂ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်အချင်းချင်း မှားပစ်၍ စစ် သား ၂ ဦး ထက်မနည်း သေဆုံးကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ကျိုက်ထိုမြို့နယ် အတွင်း၌ စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ကြပြီး ၂ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ် ရာရသူများလည်း ရှိကြောင်း၊ ပဲခူးဘက်မှ သထုံဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ယာဥ်တန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ် မတော် KNLA တပ်ရင်း (၃)နှင့်ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်သဖြင့် ကား (၂) စီးထိမှန်ကာ ထိခိုက်ကျဆုံးမှုများသောကြောင့် နောက် ကြောင်းပြန်လှည့်ရာ နောက်တန်းတွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုတွင် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ် ရင်း ၃ နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်အချိန် အာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်မှ လက်နက်ကြီး ၁၂၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သဲဖြူချောင်းကျေးရွာအနီးတွင် ၂ လုံးနှင့် တစ်ဇီးပြောင်း ကျေးရွာအနီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU က သတင်းထုတ် ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article