29 C
Yangon

ခင်ဦး၊ ကုလားလူးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး၊ ကလေးမြို့ ကြံသာရွာရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်တိုက်ခံရပြီး ၁၅ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးကျေးရွာသို့ ဝင်ရောက်ကာ အများပြည်သူပိုင် နေအိမ် ၁ လုံးကို ဖျက်ဆီးသွားသော အင်အား ၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး နေရာတွင်လဲကျသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးသွားကြောင်းလည်း သိရှိရသည်။

ယနေ့မွန်းလွဲ ၁ နာရီခန့်တွင်လည်း ခင်ဦးမှ ရေဦးသို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ရေဦးမြို့အဝင် ကြာပန်းအဝိုင်းအနီးတွင် ရေဦး PDF က ပဒေသာမိုင်း ၄ လုံးဖြင့် တိုက်ခိုက်ရာ ကား ၁ စီးမှာ လုံးဝ ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ကြောင်း PDF – Kalay က သတင်းထုတ်ပြန်သည်။

PDF – Kalay၊ CDF – KKG၊ CDF – Hakha၊ RKDF နှင့် ကလေး ပ.က.ဖ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF – Hakha မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ကြံသာရွာရှိ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရပြီးနောက် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာနှင့် ဟံသာဝတီရွာဘက်တွင် တပ်ဖွဲစားသော စစ်ကောင်စီတပ်ဖွဲ့များ ကား ၃ စီးဖြင့် စစ်ကူရောက်ရှိလာခြင်းကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း PDF – Kalay ထံမှ သိရှိရသည်။

ဓါတ်ပုံ – ကလေးမြို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article