36 C
Yangon

ဂန့်ဂေါတွင် စစ်တပ်ထုတ်ကုန်များ သယ်ယူနေမှုများကို PDF ဖမ်းဆီး၊ ကုန် ကား၊ ယာဉ်မောင်းနှင့်နောက်လိုက်များကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က ထုတ်လုပ်သည့် ထုတ်ကုန်များကို သယ်ယူနေမှုများကို PDF က ဖမ်းဆီး အရေးယူမှုများလုပ်ဆောင်နေပြီး ယာဉ်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို လူသားချင်းစာနာမှုအရ ပြန်လည် လွှတ်ပေးလိုက်ကြောင်း PDF ဂန့်ဂေါက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် သတင်းအရ ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဥ် စစ်ကောင်စီထောက်တိုင်-ထုတ်ကုန်များအားသယ်ဆောင်လာသော YGN 9L-5382 ယာဉ်နှင့် SGG 1I-6026ယာဉ် များအားနံနက် (၁၀)နာရီဝန်းကျင်တွင် ပကဖ-ဂန့်ဂေါမှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း လူသားချင်းစာနာသောအားဖြင့် အဆိုပါယာဉ်၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့အား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယာဉ်ပိုင်ရှင်၊ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့်ကုန်စည်ကူးသန်းရောင်းဝယ်လျှက်ရှိကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်လျှက်ရှိသောပစ္စည်းများ၊၎င်း၏ထောက်တိုင်များဖြစ်သည့်ထုတ်ကုန်များကို သယ်ယူခြင်း၊ကူးသန်းရောင်းဝယ်ခြင်းများမပြုလုပ်ကြရန် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အထူးသတိပေးတားမြစ်ကြောင်း PDF-GanGaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article