37 C
Yangon

စစ်ကားဖြင့် ပြည်သူကို တိုက်သတ်မှု “လူစိတ်မရှိသော တိရိစ္တာန်ထက် ဆိုးသူများ”ဟု မှတ်ချက်ပြုကြောင့် CID ဒုရဲမှူးကြီးဇော်ဝင်း အဖမ်းခံလိုက်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နှစ် ဒီဇင် ဘာလ ၅ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်ကားဖြင့် တိုက် သတ်မှုကို “လူစိတ်မရှိသော တိရိစ္ဆာန်ထက် ဆိုးသူများ” ဟု မှတ်ချက်ပြုမှုကြောင့် CID မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရဲအရာရှိသင်/ထောက်လေ့ကျင့်ရေးသင်တန်းကျောင်း အုပ်ကြီး ဒုတိယရဲမှူးကြီး ဇော်ဝင်းကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။ “ဖြစ်တာကတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဖမ်းသွားတာ။ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကားနဲ့ ဆန္ဒပြ လူငယ်တွေကို တိုက်သတ်တဲ့ ဗီဒီယိုကို ရှယ်ထားတဲ့အောက်မှာ သူက Comment ရေးတာ။ အဲဒီမှာ ဒုရဲမှူးကြီး (အငြိမ်းစား) မြင့်နိုင်ကလည်း ဒီလုပ်ရပ်ကို ရှုတ်ချတယ်ဆိုတာ ရေးထားတယ်။ အဲဒီအောက်မှာ သူကလည်း လူစိတ်မရှိသူတွေ၊ တိရိစ္ဆာန်ထက်ဆိုးတဲ့သူတွေဆိုပြီး နှစ်ကြိမ် Comment ရေးထားတယ်။ ၂လကျော်ကြာမှ ဖမ်းတာ။ တိုင်သူလည်းရှိတယ်ထင်တယ်။ ရဲမှူးကြီးဇော်ဝင်းက ပင်စင်ယူခါနီးပြီ။ ၁ နှစ်လောက်ပဲ ကျန်တော့တာ။ အဲဒါကို ဒီကောင်တွေ လုပ်ရက်တာ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် CID ကျောင်းအုပ်ကြီး ဒုရဲမှူးကြီးဇော်ဝင်းကို ရဲစည်းကမ်းဖောက် ဖျက်မှု၊ ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့် တရားစွဲရန်ရှိကြောင်း၊ စစ်တပ်က ရဲနှင့်တပ်အတွင်းတွင် သဘောထားမတူသူများနှင့် ဖရဲသီးများကို စီမံချက်ဖြင့် ရှာဖွေ ဖော်ထုတ် ဖမ်းဆီးရန် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article